ရန်ကုန်၊ ဇန်နဝါရီ ၁၈ နေပြည်တော်ရှိ ကင်းသာ ၂ ကုန်ထုတ်စခန်း (ရဲဘက်စခန်း) တွင် အကျဉ်းဦးစီးဌာနက အကျဉ်းသားများထံမှ ငွေကြေးများ အဓမ္မတောင်းခံခြင်းများအပြင် လုပ်ငန်းခွင်အတွင်း လောင်းကစားမှုများကိုပါ ငွေကြေးရယူခွင့်ပြုနေကြောင်း အကျဉ်းဦးစီးဌာန သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ ကင်းသာ အမှတ် ၂ ရဲဘက်စခန်းမှ အကျဉ်းဦးစီးဌာန၊ တစ်ပွင့် ခွဲမှူး ထင်လင်းဦးက တပည့်ဖြစ်သူ အကျဉ်းသား တိုးခန့်လင်းကို အသုံးချကာ အကျဉ်းသားတစ်ဦးလျှင် ငွေကျပ် ၆ သိန်းစီ လစဉ် တောင်းခံခိုင်းပြီး ငွေပေးနိုင်သည့် အကျဉ်းသားများကို အလုပ်သက်သာသည့် လုံခြုံရေးကင်းတာဝန်ကဲ့သို့သော နေရာများတွင် ထားရှိကာ ငွေမပေးနိုင်သူများကိုမူ ပင်ပန်းပြင်းထန်သည့် အလုပ်ကြမ်းများကို ခိုင်းစေနေကြောင်း သိရှိရသည်။ ငွေပေးဆောင်ထားရသည့် အကျဉ်းသားများစာရင်းတွင် လင်းအောင်၊ ရှိုင်းထက်၊ ကျော်စိုးလွင်၊ ဇော်မင်းဦး၊ […] The post နေပြည်တော်၊ ကင်းသာ အမှတ် ၂ ရဲဘက်စခန်းတွင်လောင်းကစားပွဲများနှင့် ငွေကြေးခြိမ်းခြောက် တောင်းခံမှုများဖြစ်ပွားနေ appeared first on Khit Thit Media .