ရန်ကုန်၊ ဇန်နဝါရီ ၁၈ တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ် အတွင်း စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့ နံနက် ၆ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်၏ စစ်သင်္ဘော ၃ စီး၊ လှေ ၂ စီး၊ လှေငယ် ၁ စီး၊ ဖိုင်ဘာငယ် ၁ စီး ပါဝင်သော ရေယာဉ် အုပ်စုသည် ကျွန်းစုမြို့နယ်၊ ဘဒ္ဒနဲကျေးရွာအုပ်စု၊ ကျောက်တန်းငယ်ကျေးရွာဘက်သို့ မန်းကြီးမြစ်ကြောင်းအတိုင်း စစ်ကြောင်းထိုးလာသောကြောင့် ကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ နှင့် ထိတွေ့တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားခဲ့ကြောင်း၊ […] The post ကျွန်းစုမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံး appeared first on Khit Thit Media .