ကျောက်ဖြူမြို့နယ်၊ သဖန်းချောင်းကျေးရွာကို စစ်သင်္ဘောက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု ပြည်သူ ၂ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၁၈ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ သဖန်းချောင်းရွာကို အကြမ်းဖက် စစ်တပ်၏ စစ်သင်္ဘောက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦးသေဆုံး ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။ ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ကျောက်ဖြူမြို့နယ်၊ သဖန်းချောင်းကျေးရွာကို ပင်လယ်ပြင်၌ ကျောက်ချထားသော အကြမ်းဖက်စစ်ကောင်စီ၏ စစ်သင်္ဘောက လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့် ကျေးရွာနေ ပြည်သူ ၂ ဦး လက်နက်ကြီးကျည် ထိမှန်ကာ သေဆုံးခဲ့ကြောင်း သိရသည်။ ထို့ပြင် အကြမ်းဖက် စစ်တပ်က ဒီဇင်ဘာလ ၁၈ ရက်နေ့ကလည်း ကျောက်ဖြူမြို့နယ်၊ ကျောက်ကလေကျေးရွာ၊ ပင်လယ်ကမ်းစပ်အနီးကို ဂျက်ဖိုက်တာဖြင့် ဗုံး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့သောကြောင့် စစ်ဘေးရှောင် ပြည်သူများဖြစ်သည့် မင်းတပ်တောင်ကျေးရွာမှ အသက် […] The post ကျောက်ဖြူမြို့နယ်၊ သဖန်းချောင်းကျေးရွာကို စစ်သင်္ဘောက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု ပြည်သူ ၂ ဦးသေဆုံး appeared first on Khit Thit Media .