မြင်းခြံ-ပုဂံညောင်ဦး လမ်းပိုင်း တမိုက်သာကျေးရွာရှိ အကြမ်းဖက် စစ်တပ် ဂိတ်ကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၁၈ မန္တလေးတိုင်း၊ တောင်သာမြို့နယ် မြင်းခြံ-ပုဂံ ညောင်ဦး လမ်းပိုင်း တမိုက်သာကျေးရွာရှိ အကြမ်းဖက် စစ်တပ်ဂိတ်ကို ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင် အမှတ်၃ တပ်ရင်း မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။ ဇန်နဝါရီလ ၁၇ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်ခန့်တွင် တောင်သာမြို့နယ် မြင်းခြံ-ပုဂံညောင်ဦး လမ်းပိုင်း တမိုက်သာကျေးရွာရှိ အကြမ်းဖက် စစ်တပ်ဂိတ်ကို မြင်းခြံခရိုင် အမှတ်၃ တပ်ရင်း မှ ရဲဘော်များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်တပ်ဘက်မှ စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ ထို့ပြင် တိုက်ပွဲဖြစ်ပွားရာ တမိုက်သာရွာဘက်ကို သီတာယုမွန် ပျူစောထီးအဖွဲ့က မြင်းခြံမြို့ဘက်မှ […] The post မြင်းခြံ-ပုဂံညောင်ဦး လမ်းပိုင်း တမိုက်သာကျေးရွာရှိ အကြမ်းဖက် စစ်တပ် ဂိတ်ကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံး appeared first on Khit Thit Media .