ရန်ကုန်၊ ဇန်နဝါရီ ၁၈ အကြမ်းဖက် စစ်တပ်က ဒေါ်လာစျေး မတက်ရေး ဒေါ်လာ စုဆောင်းသိုလှောင်သူများ၊ USDT အွန်လိုင်းအရောင်းအဝယ်နှင့် စျေးကစားသူများကို စီမံချက်ဖြင့် လိုက်လံဖမ်းဆီးနေပြီး သွင်းကုန်နှင့်ပို့ကုန်လုပ်ငန်းရှင်တချို့ပါ စစ်မေးခံရကြောင်း UMFCCI မှ စီးပွားရေးသမားတချို့ထံမှ သိရှိရသည်။ ယခု ဇန်နဝါရီလ တတိယသီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာစျေးမှာ တစ်ဒေါ်လာလျှင် ၄၂၅၀ ဝန်းကျင်အထိ အပြောင်း အလဲများ ဖြစ်ပေါ်လာခဲ့ပြီး ဒေါ်လာတန်ဖိုးမြင့်တက် လာကြောင်း၊ မူလက ဒေါ်လာစျေးမှာ တစ်ဒေါ်လာလျှင် ကျပ် ၄၀၀၀ အောက်တွင်သာ တည်ငြိမ်နေရာမှ တစ်ဒေါ်လာ ၄၂၅၀ ကျပ်အထိ ရုတ်တရက် မြင့်တက်လာကြောင်း၊ ယင်းသို့ မြင့်တက်လာချိန်တွင် စစ်တပ်က ဒေါ်လာစျေးမတက်ရေးအတွက် ဖမ်းဆီး စစ်ဆေးမှုများ လုပ်ဆောင်လာကြောင်း သိရှိရသည်။ “ပဲသမားတွေ၊ ငွေလဲ Exchange […] The post စစ်တပ်က ဒေါ်လာစျေး မတက်ရေး ဒေါ်လာ စုဆောင်းသိုလှောင်သူများ၊ USDT အွန်လိုင်းအရောင်းအဝယ်နှင့် စျေးကစားသူများကို စီမံချက်ဖြင့် လိုက်လံဖမ်းဆီးနေပြီး စီးပွားရေးလုပ်ငန်းရှင်တချို့ပါ စစ်မေးခံရ appeared first on Khit Thit Media .