မြန်မာစစ်တပ်ကို တရားစွဲတိုင်ကြားသည့် ချင်းလူ့အခွင့်အရေးအဖွဲ့နှင့် NUG ကို တီမောသမ္မတက တွေ့ဆုံခဲ့မှုများအပေါ် ကတိချိုးဖောက်မှုဟု စစ်တပ်က ပြင်းပြင်းထန်ထန် ကန့်ကွက်

ရန်ကုန်၊ ဇန်နဝါရီ ၁၉ အာဆီယံအဖွဲ့ဝင် တီမောနိုင်ငံတွင် မြန်မာစစ်တပ်ကို တရားစွဲဆို တိုင်ကြားသည့် ချင်းလူ့အခွင့်အရေးအဖွဲ့ကို တီမောသမ္မတက တွေ့ဆုံမှုမှာ အာဆီယံပဋိညာဉ်ပါ အခြေခံမူဖြစ်သည့် ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေးမူကို အကြိမ်ကြိမ် ကတိချိုးဖောက်မှုဖြစ်ကြောင်း စစ်ကော်မရှင်က ပြင်းပြင်းထန်ထန်ထပ်မံ ကန့်ကွက်တုံ့ပြန်သည်။ ဇန်နဝါရီလ ၁၄ ရက်နေ့တွင် တီမောလက်စ်တေသမ္မတ မစ္စတာဟိုဆေးရာမို့စ်ဟော်တာက ချင်းလူ့အခွင့်အရေးအဖွဲ့ (Chin Human Rights Organization)ကို လက်ခံတွေ့ဆုံ၍ ဒေသတွင်းတရားမျှတမှုနှင့် တာဝန်ခံမှုရှိရေး ဆွေးနွေးခဲ့သည့်သတင်းအား တီမောလက်စ်တေသမ္မတရုံး၏ website တွင် တရားဝင်ထုတ်ပြန်ထားသည်ကို စိတ်မကောင်းဖွယ်တွေ့ရှိရသည်ဟု စစ်တပ်က ထုတ်ပြန်သည်။ တီမောလက်စ်တေနိုင်ငံအနေဖြင့် အာဆီယံပဋိညာဉ်ပါ အခြေခံမူများနှင့်အညီ အခြားနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရာရောက်သည့် အပြုအမူများ ဆောင်ရွက်မည်မဟုတ်ကြောင်း အကြိမ်ကြိမ်ကတိပြုခဲ့သော်လည်း မြန်မာစစ်တပ်ကို တီမောလက်စ်တေ၏ Public Prosecutor’s Office […] The post မြန်မာစစ်တပ်ကို တရားစွဲတိုင်ကြားသည့် ချင်းလူ့အခွင့်အရေးအဖွဲ့နှင့် NUG ကို တီမောသမ္မတက တွေ့ဆုံခဲ့မှုများအပေါ် ကတိချိုးဖောက်မှုဟု စစ်တပ်က ပြင်းပြင်းထန်ထန် ကန့်ကွက် appeared first on Khit Thit Media .