လွှတ်တော်ကိုယ်စားလှယ်များ နေထိုင်နိုင်ရန် စည်ပင်

Credit to Popular Journal - ရိပ်သာမှာ ပြန်လည်ပြင်ဆင်မှုများ လုပ်နေ ရွေးကောက််ခံလွှတ်တော် ကိုယ်စားလှယ်များ လွှတ်တော်တက်သည့်အခါ နေထိုင်နိုင်ရန် စည်ပင်ရိပ်သာ၌ လိုအပ်သည့် ပြန်လည်ပြင်ဆင်မှုများ လုပ်ဆောင်နေကြောင်း သိရသည်။ လက်ရှိ၌ စည်ပင်ဧည့်ရိပ်သာ (၂)၌ ယင်းလွှတ်တော်ကိုယ်စားလှယ်များနေရေးထိုင်ရေးအတွက် အဆောင်များလျာထားကြောင်းလည်း သိရသည်။ စည်ပင်ဧည့်ရိပ်သာ (၂) သည် ယခင် (၂၀၁၅-၂၀၂၀) ကာလများကလည်း လွှတ်တော်ကိုယ်စားလှယ်များအပါအဝင် တိုင်းဒေသလွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော်တက်သည့်အခါ နေထိုင်ခဲ့သည့် အဆောင်များလည်း ဖြစ်သည်။ ထိုနည်းတူ လွှတ် တော်ကို မတ်လ အတွင်း ခေါ်ယူရန် ရှိသောကြောင့် ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် လွှတ် တော်အ ဆောက်အဦးများကိုလည်း ပြင်ဆင် ဆောင်ရွက်လျက်ရှိနေသည်။ ဓာတ်ပုံ- စည်ပင်ဧည့်ရိပ်သာ The post လွှတ်တော်ကိုယ်စားလှယ်များ နေထိုင်နိုင်ရန် စည်ပင် appeared first on Popular .