Work visa/ Work permit မရှိဘဲ OWIC ကိုင်ဆောင်ထားသူများ PV အမျိုးအစားပြောင်းကိုင်ရန် အသိပေး

Credit to Popular Journal - အလုပ်လုပ်ကိုင်ခွင့် နိုင်ငံကူးလက်မှတ် (PJ) နှင့် ပြည်ပအလုပ် သမားသက်သေခံကတ် (OWIC) ကိုင်ဆောင်ထားသူများအနေဖြင့် PV အမျိုးအစားပြောင်းကိုင်ရန် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ညွှန်ကြားထားကြောင်း သိရသည်။ Work visa/ Work permit မရှိဘဲ OWIC ကိုင်ဆောင်ထားသူများ ပြည်ပကို အလည်၊ ဘုရားဖူး၊ ဆေးကုသွားမည်ဆိုပါက နိုင်ငံကူးလက်မှတ်ကို PV အမျိုးအစားပြောင်းကိုင်ရန် အကြံပြုထားသည်။ ထို့ပြင် နိုင်ငံကူးလက်မှတ် PJ ကိုင်ဆောင်သူများနှင့် CI ကိုင်ဆောင်၍ ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများသည် အလုပ်သမားဝန်ကြီးဌာနမှ ဖွင့်လှစ်ထားသည့် အပြည်ပြည်ဆိုင်ရာလေဆိပ် ဆိုက်ရောက်ကောင်တာကို မဖြစ်မနေ သတင်းပေးပို့ရမည်ဖြစ်ပြီး ခွင့်ပြန်အလုပ်သမားများ ပြည်ပထွက်ခွာခွင့်တင်ပြရာတွင် Arrival Counter တွင် သတင်းပေးပို့ခဲ့သူများကိုသာ ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။ PJ နိုင်ငံကူးလက်မှတ်နှင့် OWIC ကတ်ကိုင်ဆောင်ထားသူ များ၏ […] The post Work visa/ Work permit မရှိဘဲ OWIC ကိုင်ဆောင်ထားသူများ PV အမျိုးအစားပြောင်းကိုင်ရန် အသိပေး appeared first on Popular .