Credit to Popular Journal - ကိုနာကရီ၊ ဇန်နဝါရီ ၁၈ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်၏ အထူးသံတမန်သည် စနေနေ့က ကျင်းပခဲ့သော ဂီနီသမ္မတ မာမာဒီ ဒွန်ဘူယာ၏ ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး အခမ်းအနားတွင် သမ္မတနှင့် အကျဉ်းရုံး တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ တရုတ်ပြည်သူ့လွှတ်တော် အမြဲတမ်းကော်မတီ ဒုတိယဥက္ကဋ္ဌ ကျန်းကျန့်ပန်းက သမ္မတ ရှီကျင့်ဖျင်၏ နွေးထွေးသော နှုတ်ခွန်းဆက်စကားနှင့် ဆုတောင်းစကားများကို သမ္မတ ဒွန်ဘူယာထံသို့ ပေးအပ်ခဲ့ပါသည်။ တရုတ်နိုင်ငံအနေဖြင့် တရုတ်-ဂီနီ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေးကို အလွန်အလေးထားကြောင်းနှင့်နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုကို ဆက်လက်ထိန်းသိမ်းရန်၊ အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများကို နက်နက်ရှိုင်းရှိုင်း လုပ်ဆောင်ရန်၊ တရုတ်-ဂီနီ ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးတွင် ပိုမိုကြီးမားသော တိုးတက်မှုများရရှိစေရန်အတွက် ဂီနီနိုင်ငံနှင့်အတူ လက်တွဲဆောင်ရွက်ရန် အသင့်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။ သမ္မတ […] The post ဂီနီသမ္မတကျမ်းကျိန်ပွဲသို့ ရှီ၏ အထူးသံတမန် တက်ရောက် appeared first on Popular .