စလင်းမြို့နယ် အတွင်း စစ်ကြောင်းထိုးနေသော စစ်တပ်က ပြည်သူ ၉ ဦး ဖမ်းဆီးပြီး ကျေးရွာ ၅ ခုကို ဆက်တိုက် မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဇန်နဝါရီ ၁၉ မကွေးတိုင်း၊ စလင်းမြို့နယ် အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်က ပြည်သူ ၉ ဦး ဖမ်းဆီးပြီး ကျေးရွာ ၅ ခုကို ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ပြည်သူ့ ညီနောင်-စလင်း သတင်းတာဝန်ခံ ကိုပြည်သူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇန်နဝါရီ ၁၈ ရက်နေ့တွင် စလင်းမြို့ ထွေ/အုပ်ရုံးမှ ထွက်ခွာလာသော အကြမ်းဖက် စစ်တပ်၏ အင်အား ၂၀၀ ဝန်းကျင်ပါ စစ်ကြောင်းသည် ပန်းတိမ်ကုန်းကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်စီးနင်းပြီး ပြည်သူ ၉ ဦးကို လူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားကာ ပန်းတိမ်ကုန်းကျေးရွာရှိ ကျန်ရှိနေသော နေအိမ်များကို တတိယအကြိမ် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။ ထိုစစ်ကြောင်းသည် ပန်းတိမ်ကုန်းကျေးရွာမှ ကညှပ်ကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်ကာ ကျန်ရှိနေသော […] The post စလင်းမြို့နယ် အတွင်း စစ်ကြောင်းထိုးနေသော စစ်တပ်က ပြည်သူ ၉ ဦး ဖမ်းဆီးပြီး ကျေးရွာ ၅ ခုကို ဆက်တိုက် မီးရှို့ဖျက်ဆီး appeared first on Khit Thit Media .