Credit to Popular Journal - ဂရင်းလန်းကို သိမ်းယူမည့်အစီအစဉ်ကို သဘောမတူသည့် ဥရောပနိုင်ငံများကို အခွန်နှုန်းထားအသစ်များ ချမှတ်သွားမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ကြေညာခဲ့သည်။ ဒိန်းမတ်၊ နော်ဝေ၊ ဆွီဒင်၊ ပြင်သစ်၊ ဂျာမနီ၊ ယူကေ၊ နယ်သာလန်နှင့် ဖင်လန်နိုင်ငံများကို ဖေဖော်ဝါရီလ ၁ ရက်ဘနေ့မှစတင်ကာ အခွန် ၁၀ ရာခိုင်နှုန်းကောက်ခံသွားမည်ဟု ထရမ့်ပ်က ကတိပြုခဲ့သည်။ အခွန်ကောက်ခံမှုသည် အမေရိကနှင့် ကုန်သွယ်သော ကုန်စည်အားလုံး အကျူံးဝင်ပြီး ဇွန်လ ၁ ရက် နေ့မှစတင်ကာ စည်းကြပ်ခွန် ၂၅ ရာခိုင်နှုန်းအထိ မြင့်တက်သွားမည်ဟု ထရုဆိုရှယ်မီဒီယာတွင် တင်ခဲ့သော ရှည်လျားသည့်ပို့စ်၌ ထရမ့်ပ်က ထုတ်ဖော်ပြောကြားခဲ့သည်။ ဂရင်းလန်းကျွန်းကို အပြီးအပိုင်ဝယ်ယူရေးကို သဘောတူညီလာသည့်အချိန်အထိ ထိုအခွန်ကို ပေးဆောင်ရမည်ဖြစ်ကြောင်း ထရမ့်ပ်က ရေးသားခဲ့သည်။ မိမိတို့သည် ဒိန်းမတ်၊ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံအားလုံးနှင့် အခြားနိုင်ငံများအပေါ် နှစ်ပေါင်းများစွာ […] The post ဂရင်းလန်းအရေး သဘောမတူသော ဥရောပနိုင်ငံများကို အခွန်နှုန်းသစ်ကောက်မည်–ထရမ့်ပ် appeared first on Popular .