Credit to Popular Journal - ဇန်နဝါရီ ၁၉ ဖိလစ်ပိုင်နိုင်ငံ၏ တစ်ခုတည်းသော ကမ်းလွန်ထုတ်လုပ်ရေးစခန်းအနီးတွင် သဘာဝဓာတ်ငွေ့ရှာဖွေတွေ့ရှိခဲ့ကြောင်း ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ ပါလာဝမ်ကျွန်းအနီးရှိ မာလမ်ပါယာ ၏ အရှေ့ဘက် ၅ ကီလိုမီတာ (၃ မိုင်) အကွာတွင် သဘာဝဓာတ်ငွေ့ ကုဗမီတာ ၂.၈ ဘီလျံခန့် (ကုဗပေ ၉၈ ဘီလျံ) ကို ရှာဖွေတွေ့ရှိခဲ့သည်။ ယင်းပမာဏသည် အိမ်ခြေ ၅.၇ သန်းကို တစ်နှစ်စာ လျှပ်စစ်ဓာတ်အား ထောက်ပံ့ပေးရန် လုံလောက်ကြောင်း မားကို့စ်က ပြောကြားခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံသည် ဒေသတွင်း၌ စွမ်းအင်ကုန်ကျစရိတ် အမြင့်မားဆုံးနိုင်ငံများထဲတွင် ပါဝင်နေပြီး၊ ကျွန်းစု၏ ပင်မကျွန်းဖြစ်သော လူဇွန်ကျွန်းသို့ လျှပ်စစ်ဓာတ်အား ၄၀ ရာခိုင်နှုန်းခန့် ထောက်ပံ့ပေးနေသည့် မာလမ်ပါယာ ဓာတ်ငွေ့မြေမှာလည်း နောက်ထပ် […] The post ဖိလစ်ပိုင်၌ဆယ်စုနှစ်တစ်ခုကျော်အတွင်းပထမဆုံးအကြိမ်ဓာတ်ငွေ့တွေ့ရှိ appeared first on Popular .