Credit to Popular Journal - ကမ္ဘောဒီးယားနိုင်ငံသည် ခရီးသွားလုပ်ငန်းနှင့် ဒေသတွင်းယှဉ်ပြိုင်နိုင်စွမ်းတွင် အရှိန်အဟုန်ပြန်လည်ရရှိရေး မဟာဗျူဟာ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ယခုနွေရာသီတွင် တရုတ်နိုင်ငံသားများအတွက် ဗီဇာကင်းလွတ်ခွင့် ရှေ့ပြေးအစီအစဉ်တစ်ခုကို စတင်တော့မည်ဖြစ်သည်။ သောကြာနေ့က ကမ္ဘောဒီးယားခရီးသွားလုပ်ငန်းအသင်း (စီအေတီအေ) နှင့် အစည်းအဝေးအတွင်း ခရီးသွားလုပ်ငန်းဝန်ကြီး ဟွတ်ဟက်ခ်က အဆိုပါအစီအစဉ်ကို ကြေညာခဲ့ခြင်းဖြစ်သည်။ ဇွန်လ ၁၅ ရက်နေ့မှ အောက်တိုဘာလ ၁၅ ရက်နေ့အထိ အကျူံးဝင်မည့် ရှေ့ပြေးအစီအစဉ်အရ တရုတ်ပြည်မကြီး၊ ဟောင်ကောင်၊ မကာအိုမှ ခရီးသွားများအပါအဝင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပတ်စ်ပို့ကိုင်ဆောင်သူအားလုံးကို ဗီဇာကင်းလွတ်ခွင့်ပေးမည်ဖြစ်သည်။ ကမ္ဘောဒီးယားခရီးသွားလုပ်ငန်းကဏ္ဍသည် အေးစက်စက်ဖြစ်နေသည့်အချိန်ကာလတွင် ယင်းအစီအစဉ်ကို ကြေညာခဲ့ခြင်းဖြစ်သည်။ ၂၀၂၅ ခုနှစ် ပထမ ၁၁ လတာကာလအတွင်း ကမ္ဘောဒီးယားနိုင်ငံသို့ လာရောက်သည့် နိုင်ငံခြားခရီးသွားဦးရေသည် ၅ ဒဿမ ၁၇ သန်းရှိခဲ့ပြီး ယင်းမတိုင်ခင်နှစ်၏ အလားတူကာလနှင့် နှိုင်းယှဉ်ပါက ခရီးသွားဝင်ရောက်မှု […] The post တရုတ်များကို ဖနောင်ပင်က ဗီဇာ ကင်းလွတ်ခွင့်ပေး appeared first on Popular .