ငဖဲမြို့နယ်၊ တောင်ပေါ်များတွင် စစ်တပ်က ငွေကြေးကောက်ခံ စိုက်ပျိုးခွင့်ပြုထားသော ဘိန်းစိုက်ခင်း ဧက ၃၀ ခန့်ကို တော်လှန် ရေးတပ်များက ဝင်ရောက်ဖျက်ဆီး

ရန်ကုန်၊ ဇန်နဝါရီ ၁၉ မကွေးတိုင်း၊ ငဖဲမြို့နယ်၊ တောင်ပေါ်ဒေသများတွင်အကြမ်းဖက် စစ်တပ်က ငွေကြေးကောက်ခံကာ စိုက်ခွင့်ပြုထားသော ဘိန်းစိုက်ခင်း ဧက ၃၀ ခန့်ကို တော်လှန်ရေးတပ်များက ဝင်ရောက်ဖျက်ဆီးနိုင်ခဲ့ကြောင်း လူထုတော်လှန်ရေးမဟာမိတ်အင်အားစု PRA-Magway မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နှင့် ဒီဇင်ဘာလ ၁၇ ရက်နေ့များတွင် ငဖဲမြို့နယ် တောင်ဘက်ခြမ်း၊ ပဒါန်းနှင့် ငဖဲအကြားရှိ တောင်ပေါ်ဒေသများတွင် PRA-Magway တပ်ဖွဲ့မှရဲဘော်များက ထိုးစစ်ဆင်နယ်မြေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်စဉ် ဘိန်းစိုက်ခင်းများကို တွေ့ရှိကာ ဧက ၃၀ ခန့်ကို ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါတောင်ပေါ်ဒေသများသည် ယခင်က အကြမ်းဖက် စစ်တပ်၏ နတ်ရေကန်စစ်စခန်း ထိန်းချုပ်မှုအောက်တွင် ရှိခဲ့သည့် နယ်မြေများဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် […] The post ငဖဲမြို့နယ်၊ တောင်ပေါ်များတွင် စစ်တပ်က ငွေကြေးကောက်ခံ စိုက်ပျိုးခွင့်ပြုထားသော ဘိန်းစိုက်ခင်း ဧက ၃၀ ခန့်ကို တော်လှန် ရေးတပ်များက ဝင်ရောက်ဖျက်ဆီး appeared first on Khit Thit Media .