Credit to Popular Journal - နည်းပညာခေတ်ဖြစ်၍ စစ်နည်းဗျူဟာများပြောင်းလဲကျင့်သုံးနိုင်ရေး သုတေသနပြုဆောင်ရွက်နေရမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဇန်နဝါရီ ၁၉ ရက်နံနက်ပိုင်းက ကျိုင်းတုံတပ်နယ်ရှိ နယ်မြေခံတပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းအားကြည့်ရှုစစ်ဆေးစဥ် တာဝန်ရှိသူများကို မှာကြားခဲ့ခြင်းဖြစ်သည်။ ” ယနေ့ခေတ်ဟာ နည်းပညာခေတ်ဖြစ်တဲ့အတွက် နေ့ စဉ်နဲ့အမျှပြောင်းလဲတိုးတက်လာနေတဲ့ စစ်ဘက်အသုံးအဆောင်ပစ္စည်းတွေအပေါ်မူတည်ပြီး စစ်နည်းဗျူဟာတွေကို ပြောင်းလဲကျင့်သုံးနိုင်ဖို့ သုတေသနပြုဆောင်ရွက်နေရပါမယ်။ သမားရိုးကျစစ်နည်းဗျူဟာတွေကို ခေတ်နဲ့အညီ မွမ်းမံနိုင်ဖို့နဲ့ အထူးစစ်နည်းဗျူဟာတွေကို ခေတ်နဲ့အညီကျင့်သုံးနိုင်ဖို့ဆောင်ရွက်ရပါမယ်”ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မှာကြားသည်။ ထို့ပြင် နည်းပြများအနေဖြင့်လည်း စံနမူနာပြဖြစ်နေရမည်ဖြစ်ပြီး မိမိတို့တာဝန်ယူရသည့် ဘာသာရပ်များအလိုက်ကျွမ်းကျင်ပိုင်နိုင်သူများဖြစ်ရန်လိုကာ သင်တန်းသားများ၏ နေရေး၊ ထိုင်ရေး၊ စားရေးတို့ကိုလည်း အဆင်ပြေချောမွေ့ မှုရှိအောင်စီမံဆောင်ရွက်ပေးရမည့်နည်းတူ ရပိုင်ခွင့်များအားလုံးရရှိအောင်လည်း ကြပ်မတ်ဆောင်ရွက်ပေးရမည်ဟု မှာကြားသည်။ ထို့အတူ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း များ၏တာဝန်မှာ တပ်ရင်းတပ်ဖွဲ့များနှင့် စစ်သည်တစ်ဦးချင်းစီ၏ အရည်အသွေးများတိုးတက်လာအောင်လေ့ကျင့်ပေးခြင်းဖြစ်ရာ လေ့ကျင့်ရေးပိုင်းဆိုင်ရာများနှင့်ပတ်သက်ပါက လုံးဝလျှော့ပေါ့၍ရမည်မဟုတ်ဘဲ စနစ်တကျဖြင့် ကြပ်မတ်လေ့ကျင့်ရန်လိုကာ လေ့ကျင့်သားပြည့်ဝမှသာ တိုက်ရည်ခိုက်ရည်နှင့် […] The post အထူးစစ်နည်းဗျူဟာတွေကို ခေတ်နဲ့အညီကျင့်သုံးနိုင်ဖို့ဆောင်ရွက်ရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မှာကြား appeared first on Popular .