Credit to Popular Journal - အခက်အခဲများစွာကို သစ္စာရှိနိုင်ငံ့ဝန်ထမ်းများ၊ တည် ငြိမ်အေးချမ်းမှုကိုလိုလားသော ပြည်သူလူထုတို့၏ ပူး ပေါင်းပါဝင်မှုများဖြင့် ကြံ့ကြံ့ခံရင်ဆိုင်ကျော်လွှားနိုင်ခဲ့သည်ဟု နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဇန်နဝါရီ ၁၉ ရက်နံနက်ပိုင်းက ကျိုင်းတုံမြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့ မိမြို့ဖများနှင့်တွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။ အစိုးရတစ်ရပ်ဆိုသည်မှာ တိုင်းပြည်တည်ငြိမ်အေး ချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရန်တာ ဝန်ရှိကာ မိမိတို့အနေဖြင့် နိုင်ငံတော်၏တာဝန်များကို ရယူခဲ့စဉ် ကိုဗစ်-၁၉ ရောဂါဖြစ်ပေါ်လျက်ရှိပြီး ကျန်း မာရေး၊ ပညာရေးဝန်ထမ်းအချို့အပါအဝင် နိုင်ငံ့ဝန် ထမ်းအချို့ လုပ်ငန်းခွင်စွန့်ခွာမှုများကြောင့် အခက်အ ခဲအကြပ် အတည်းများစွာကိုရင်ဆိုင်ကြုံတွေ့ခဲ့ရသည်ဟု ပြောသည်။ ထို့ပြင် နိုင်ငံရေးအရဖြစ်ပေါ်လာသည့် ပြဿနာကို နိုင် ငံရေးအရမဖြေရှင်းဘဲ နိုင်ငံရေးသဘောထားကွဲလွဲမှုများကြောင့်ဖြစ်ပေါ်လာသည့် ဆူပူအကြမ်းဖက်မှုများနှင့် လက်နက်ကိုင်အကြမ်းဖက်မှုများကိုလည်း ရင်ဆိုင်ခဲ့ရသည့်အပြင် ရေကြီးရေလျှံမှုများ၊ လေပြင်းတိုက် ခတ်မှုများ၊ ငလျင်လှုပ်ခတ်မှုများကိုလည်းကြုံတွေ့ခဲ့ရသည်ဟုဘပြောသည်။ […] The post မြန်မာနိုင်ငံ၏အခက်အခဲများစွာကို သစ္စာရှိနိုင်ငံ့ဝန်ထမ်းများ၊ တည် ငြိမ်အေးချမ်းမှုကိုလိုလားသော ပြည်သူလူထုတို့၏ ပူး ပေါင်းပါဝင်မှုများဖြင့် ကြံ့ကြံ့ခံရင်ဆိုင်ကျော်လွှားနိုင်ခဲ့ဟု ယာယီသမ္မတ ပြော appeared first on Popular .