ရန်ကုန်တွင် ယနေ့ ညပိုင်း ငလျင်လှုပ်ခတ်ခဲ့ပြီး ပြည်သူများ သိသာစွာ ခံစားခဲ့ရ၊ မိုးညိုမြို့အနီး ဗဟိုပြုသော အင်အား ၄.၅ အဆင့်ရှိ ငလျင်တစ်ခုဖြစ်

ရန်ကုန်၊ ဇန်နဝါရီ ၁၉ ရန်ကုန်မြို့တွင် ယနေ့ ညပိုင်း ငလျင်လှုပ်ခတ်ခဲ့ပြီး သိသာစွာ ခံစားခဲ့ရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဇန်နဝါရီလ ၁၉ ရက်နေ့ ည ၁၀ နာရီကျော်ခန့်တွင် ရန်ကုန်မြို့၌ ငလျင်လှုပ်ခတ်ခဲ့ပြီး မြို့နယ် အများအပြားမှ ပြည်သူများ သိသာစွာခံစားခဲ့ရကြောင်း၊ ထို့ပြင် အထပ်မြင့်တိုက်ပေါ်တွင် နေထိုင်သော ပြည်သူများလည်း လမ်းမပေါ် ပြေးဆင်းမှုများ ရှိကြောင်း သိရသည်။ “ငလျင်လှုပ်တာ အိမ်က ရမ်းနေတာ ပထမတော့ ခေါင်းမူးနေတယ်ထင်တာ ရပ်ကွက်ထဲ ငလျင်လှုပ်တယ် အော်တော့မှ အိမ်ပေါ်ကနေ ပြေးဆင်းရတယ်။ အိမ်တွေလည်း ရမ်းသွားတယ်။ အထပ်မြင့်တိုက်ပေါ်က လူတွေလည်း ပြေးဆင်းလာတာတွေရှိတယ်” ဟု လှိုင်သာယာမြို့နယ်နှင့် မြောက်ဥက္ကလာမြို့နယ်တွင် နေထိုင်သော ပြည်သူများက ပြောဆိုသည်။ […] The post ရန်ကုန်တွင် ယနေ့ ညပိုင်း ငလျင်လှုပ်ခတ်ခဲ့ပြီး ပြည်သူများ သိသာစွာ ခံစားခဲ့ရ၊ မိုးညိုမြို့အနီး ဗဟိုပြုသော အင်အား ၄.၅ အဆင့်ရှိ ငလျင်တစ်ခုဖြစ် appeared first on Khit Thit Media .