တကျော့ပြန် ရိုဟင်ဂျာမုန်းတီးရေး လှုပ်ရှားရန် မဘသတို့ပြန်လာပြီ

အမျိုးသားရေးသမားများဟု အမည်ပြောင်းထားသည့် ‘မဘသ’ များသည် တကျော့ပြန် ရိုဟင်ဂျာမုန်းတီးရေး လှုပ်ရှားရန်အတွက် လာမည့်တနင်္လာနေ့ (ဇန်နဝါရီလ ၂၇ ရက်)တွင် ရန်ကုန်မြို့လယ်၊ မြို့တော်ခန်းမရှေ့တွင် စုဝေးဟောပြောရန် ပြင်ဆင်နေသည်။ ၎င်းတို့သည် ရွှေတိဂုံစေတီ အရှေ့ဘက်မုခ် ကြေးသွန်းဘုရားရှေ့၌ မွန်းလွဲ (၂) နာရီတွင် စတင်စုဝေးကြမည်ဖြစ်ပြီး၊ ထိုမှတဆင့် ဦးထောင်ဘိုအဝိုင်းသို့ဖြတ်ကာ ရန်ကုန်မြို့လယ်ခေါင်သို့ချီတက်ကြရန် ပြီးခဲ့သည့် တနင်္ဂနွေနေ့ (ဇန်နဝါရီလ ၁၈ ရက်) နေ့က ရန်ကုန်မြို့တွင်ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် သဘောတူခဲ့ကြခြင်းဖြစ်သည်။ ရန်ကုန်မြို့လယ်စုဝေးပွဲကို ‘ICJ ရောက် မြန်မာကိုယ်စားလှယ်အဖွဲ့ကို ဂုဏ်ပြုထောက်ခံပွဲ’ ခေါင်းစဉ်ဖြင့် ကျင်းပမည်ဖြစ်ပြီး မွတ်ဆလင်မုန်းတီးရေးလှုပ်ရှားမှုများကြောင့် နာမည်ဆိုးဖြင့်ကျော်ကြားသည့် မဘသခေါင်းဆောင် ဦးဝီရသူ လာသင့်မလာသင့်ကိုလည်း အဖွဲ့အတွင်းဆွေးနွေးနေသည်ဟု ရန်ကုန်မြို့၊ မြောက်‌ဥက္ကလာပမြို့နယ်မှ မဘသဟောင်း တစ်ဦးက ပြောသည်။ “ဆရာတော် (ဦးဝီရသူ) …