ပုလောနှင့် ပလောက်မြို့များသို့ MEVM စက်များကိုရေလမ်းခရီးဖြင့်ပို့ဆောင်

Credit to Popular Journal - တနင်္သာရီတိုင်းမှ ရွေးကောက်ပွဲအပိုင်း(၃)တွင်ပါဝင်သည့် ပုလောနှင့် ပလောက်မြို့များသို့ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)များကို ယနေ့ ဇန်နဝါရီ ၂၀ ရက်နံနက်ပိုင်းက ရေလမ်းခရီးဖြင့်ပို့ဆောင်ခဲ့ကြောင်း သိရသည်။ ထိုသို့ ပို့ဆောင်ရန် မြိတ်မြို့ဆိပ်ငယ်တံတား၌ စက်လှေများပေါ်သို့ MEVM စက်များကို သယ်ယူနေရာချနေမှုအား ကမ်းရိုးတမ်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ် ချုပ်ကျော်ကျော်ဟန်နှင့် တာဝန်ရှိသူများကကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။ ထို့နောက် MEVM စက်များထိခိုက်ပျက်စီးမှုမရှိစေရေး၊ လမ်းခရီးတွင်ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ လုံခြုံ ရေးပိုင်းဆိုင်ရာများနှင့်ပက်သတ်၍ တာဝန်ရှိသူများအားမှာကြားကာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ The post ပုလောနှင့် ပလောက်မြို့များသို့ MEVM စက်များကိုရေလမ်းခရီးဖြင့်ပို့ဆောင် appeared first on Popular .