တပ်မတော်က သပိတ်ကျင်း-မိုးကုတ်ဆက်သွယ်ရေးလမ်းကြောင်းအား အပြည့်အဝပြန်လည်ထိန်းချုပ်

Credit to Popular Journal - တပ်မတော်မှ PDF အကြမ်းဖက်အဖွဲ့များ ယာယီထိန်း ချုပ်ထားသည့် သပိတ်ကျင်း-မိုးကုတ် ဆက်သွယ်ရေး လမ်းကြောင်းအား ဇန်နဝါရီ ၁၉ ရက်က အပြည့်အဝပြန်လည်ထိန်းချုပ်နိုင်ခဲ့ရာ ယနေ့ ဇန်နဝါရီ ၂၀ ရက်မှစ၍ မန္တလေး-သပိတ်ကျင်း-မိုးကုတ် ဆက်သွယ်ရေးလမ်းကြောင်းအားပြန်လည်အသုံးပြုသွားလာနိုင်ပြီဖြစ်ပြီး ဒေသတွင်းကုန်စည်ကူးသန်းရောင်းဝယ်မှုများ ပုံမှန်အတိုင်းဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း သိရသည်။ ထိုသို့ အပြည့်အဝပြန်လည်ထိန်းချုပ်နိုင်ရန် တပ်မတော်မှစစ်ကြောင်းများခွဲ၍ နယ်မြေရှင်းလင်းရေးလုပ် ငန်းများဆောင်ရွက်ခဲ့ရာ ဇန်နဝါရီ ၁၉ ရက်တွင် မလဲပေါက်ကျေးရွာအနီးရှိ ရည်မှန်းချက်နေရာ၊ ဇန်နဝါရီ ၂၀ ရက်တွင် မလဲပေါက်ကျေးရွာ၊ ဇန်နဝါရီ ၁၇ ရက်တွင် အောင်ဗဒါန်းကျေးရွာ၊ ဇန်နဝါရီ ၁၈ ရက်တွင် စိန်အင်းကျေးရွာ၊ ဇန်နဝါရီ ၁၉ ရက်တွင် ရွှေညောင်ပင်ကျေးရွာတို့အားသိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။ ထို့ပြင် ဇန်နဝါရီ ၂၀ ရက်တွင် မလဲပေါက်ကျေးရွာ၌ တပ်မတော်စစ်ကြောင်းများပေါင်းဆုံနိုင်ပြီး အကြမ်း […] The post တပ်မတော်က သပိတ်ကျင်း-မိုးကုတ်ဆက်သွယ်ရေးလမ်းကြောင်းအား အပြည့်အဝပြန်လည်ထိန်းချုပ် appeared first on Popular .