Credit to Popular Journal - ဇန်နဝါရီတတိယ(၁၀)ရက်ပတ်အတွင်း လာနီညာအခြေ အနေကြောင့် ဒေသအချို့တွင် ညအပူချိန်များလျော့ နည်းနိုင်ခြင်းနှင့် ချိန်ခါမဟုတ်မိုးရွာသွန်းခြင်းများဖြစ်ပေါ်လေ့ရှိသည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ ဇန်နဝါရီ ၂၀ ရက်ထုတ်ပြန်ချက်အရ သိရသည်။ အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ၏ ပင် လယ်ရေမျက်နှာပြင်အပူချိန်နှင့် လေထုဖြစ်စဉ်များမှာ အားအနည်းငယ်ရှိသော လာနီညာအခြေအနေတွင်ရှိနေ ကာဇန်နဝါရီတတိယ(၁၀)ရက်ပတ်အတွင်း အားအ နည်းငယ်ရှိသော လာနီညာအဆင့်တွင်ဆက်လက်တည် ရှိနိုင်မည်ဟုခန့်မှန်းရကြောင်း သိရသည်။ အဆိုပါ လာနီညာဖြစ်စဉ်သည် ပစိဖိတ်သမုဒ္ဒရာတွင် ဖြစ်ပေါ်သည့်ဖြစ်စဉ်ဖြစ်သော်လည်း ယင်း လာနီညာဖြစ်စဉ်ကြောင့် အကျိုးသက်ရောက်မှုမှာ ယေဘုယျအားဖြင့် အရှေ့ဘက်မှ လေပွေလှိုင်းများတိုက်ခတ်ခြင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်းများပိုမိုဖြစ်ပေါ်လာနိုင်ခြင်း၊ ဒေသအချို့တွင် ညအပူချိန်များလျော့နည်းနိုင်ခြင်းနှင့် အချိန်အခါမဟုတ် မိုးရွာသွန်းခြင်းများပိုမိုဖြစ်ပေါ်လာခြင်းရာသီဥတုဖြစ်စဉ်များဖြစ်ပေါ်လေ့ရှိကြောင်း သိရသည်။ The post ဇန်နဝါရီတတိယ(၁၀)ရက်ပတ်အတွင်း လာနီညာအခြေ အနေကြောင့် ဒေသအချို့တွင် ညအပူချိန်များလျော့ နည်းနိုင်ခြင်းနှင့် ချိန်ခါမဟုတ်မိုးရွာသွန်းခြင်းများဖြစ်ပေါ်လေ့ရှိ appeared first on Popular .