Credit to Popular Journal - ဘိန်းခင်းစိုက်မျိုးမှုဖျက်ဆီးမှုများကို နှစ်အလိုက် မှတ်ပုံတင်ပြုစု၍ စနစ်တကျတိုက်ဖျက်ဆောင်ရွက်သွားရန် လိုအပ် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ နှင့် မူးယစ်ဆေးဝါးထုတ်လုပ်ခြင်းလုပ်ငန်းများ လုပ်ဆောင်မှုမရှိစေရေး အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် တိုက်ဖျက်ဆောင်ရွက်သွားရန် အလေးထားမှာကြားလိုကြောင်း နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်အောင်လှိုင် ကပြောသည်။ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်နယ်မိသားစုများနှင့် ယနေ့ တွေ့ဆုံစဉ် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်အောင်လှိုင် က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ ထို့အတူ ဘိန်းစိုက်ပျိုးမှု ပပျောက်ရေးလုပ်ငန်းများကိုလည်း စနစ်တကျ ဆက်လက်ဆောင်ရွက်သွားရန်လိုအပ်ပြီး ဘိန်းခင်းဖျက်ဆီးမှုများကို နှစ်အလိုက် မှတ်ပုံတင်ပြုစု၍ စနစ်တကျတိုက်ဖျက်ဆောင်ရွက်သွားရန်လိုအပ်ကြောင်းလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကပြောကြားခဲ့ကြောင်း သိရသည်။ ထိုနောက် တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ ဒေသခံတိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ပညာတတ်များ ပေါကြွယ်ဝစေရေး နှင့် အသိမြင်တိုးပွားစေရေးအတွက်လည်း တတ်နိုင်သည့်ဘက်မှ ကူညီဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်းလည်း နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် […] The post အွန်လိုင်းလိမ်လည်လောင်းကစားမှုများ နှင့် မူးယစ်ဆေးဝါးထုတ်လုပ်ခြင်းလုပ်ငန်းများ လုပ်ဆောင်မှုမရှိစေရေး အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် တိုက်ဖျက်ဆောင်ရွက်ရန်လို appeared first on Popular .