Credit to Popular Journal - ရွေးကောက်ပွဲ အပိုင်း(၁) နှင့် (၂)ရလဒ်များကို စာရင်းဇယားများဖြင့် ပွင့်လင်းမြင်သာစွာကြေညာပေးမည်ဖြစ်ပြီး လာမည်မတ်လအတွင်း လွှတ်တော်ခေါ်ယူအနိုင်ရရှိသည့် အစိုးရအဖွဲ့ကို လုပ်ငန်းစဉ်များအတိုင်း နိုင်ငံတော်တာဝန်ကို လွှဲပြောင်းပေးမည်ဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်အောင်လှိုင် ကပြောသည်။ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် မှာ တပ်နယ်မိသားစုများနှင့် ယနေ့ တွေ့ဆုံစဉ် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ ရွေးကောက်ပွဲကျင်းပရာတွင် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန် နှင့် မဲစာရင်းများမှန်ကန်စေရေး နှင့် သိက္ခာရှိသည့် ရွေးကောက်ပွဲဖြစ်စေရေးအတွက် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းအပါဝင် ရွေးကောက်ပွဲကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို အလေးနက်ထားဆောင်ရွက်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် ကပြောသည်။ ပါတီဖွဲ့စည်းခွင့် မှတ်ပုံတင်ခွင့်များကို ၂၀၂၃ ခုနှစ်ကတည်းက ဥပဒေနှင့်အညီဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ရွေးကောက်ပွဲကို ဒီမိုကရေစီနည်းလမ်းများ […] The post လာမည့် မတ်လအတွင်း လွှတ်တော်ခေါ်ယူ၍ အနိုင်ရရှိသည့် အစိုးရအဖွဲ့ကို လုပ်ငန်းစဉ်များအတိုင်း နိုင်ငံတော်တာဝန်ကို လွှဲပြောင်းပေးမည် appeared first on Popular .