Credit to Popular Journal - နိုင်ငံတော် ယာယီသမ္မတဖွင့်လှစ်ပေး ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့ကိုဆက်သွယ်ထားသည့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းပန်မြို့နယ်၊ တာဆန်းကျေးရွာအနီးရှိ သံလွင်မြစ်ကူးတံတား(တာဆန်း)ကို ယနေ့ ဇန်နဝါရီ ၂၀ ရက်နံနက်ပိုင်းက နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော် လုံ ခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ နိုင်ငံတော်ယာယီသမ္မတမှ သံလွင်တံတား(တာဆန်း)က မ္ပည်းမော်ကွန်းအား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ပြည် ထောင်စုဝန်ကြီးများဖြစ်သည့် ဒေါက်တာချာလီသန်း၊ ဒေါက်တာမျိုးသိန်းကျော်၊ ဦးမျိုးသန့်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။ ထို့နောက် နိုင်ငံတော်ယာယီသမ္မတထံ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက သံလွင်တံတား (တာဆန်း)ဖွင့်ပွဲအထိမ်းအမှတ်လက်ဆောင်ကို ဂါရဝပြုပေးအပ်ကာ နိုင်ငံတော်ယာယီသမ္မတမှ ကျောင်း သား၊ ကျောင်းသူများနှင့် ဒေသခံများကိုဂုဏ်ပြုချီး မြှင့်ငွေများပေးအပ်ပြီး သံလွင်တံတား(တာဆန်း)အား ဖြတ်သန်းကြည့်ရှုခဲ့ကြသည်။ အဆိုပါ သံလွင်တံတား(တာဆန်း)သည် တံတားအရှည် (၈၇၆)ပေရှိပြီး ယာဉ်သွားလမ်းအကျယ်(၂၃)ပေ၊ ဆိုင်ကယ်လမ်း တစ်ဖက်(၅)ပေစီဖြင့် […] The post အရှည်(၈၇၆)ပေရှိ သံလွင်တံတား(တာဆန်း)ကို appeared first on Popular .