မြန်အောင်မြို့နယ်၊ အင်ပင်မြို့တွင် မျက်စိနှင့်အထွေထွေရောဂါလူနာ ၈၀၀ ခန့်ကို အခမဲ့စမ်းသပ်ကုသပေးခဲ့

Credit to Popular Journal - ဧရာ၀တီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်၊ အင်ပင်မြို့တွင် မျက်စိနှင့်အထွေထွေရောဂါလူနာ ၈၀၀ခန့်ကို ဟင်္သာတခရိုင် ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်နှင့် အထူးကုဆရာဝန်များ ပါဝင်သော ကျန်းမာရေးဝန်ထမ်းများက ဖေဖော်ဝါရီ ၂၀ ရက်က အခမဲ့စမ်းသပ်ကုသပေးခဲ့ကြောင်း သိရသည်။ ယင်းသို့ ဆေးကုသပေးနေမှုကို ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး ဦးဆောင်သောအဖွဲ့က သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး အချိုရည်နှင့်ရေသန့်ဘူးများ ဝေငှပေးခဲ့ ကြောင်းသိရသည်။ အဆိုပါဆေးကုသမှုအစီအစဥ်တွင် မျက်စိဝေဒနာရှင် ၁၆၉ ဦးအပြင် အခြားအထွေထွေ လူနာ ၅၀၀ ကျော်ကို ကြည့်ရှုကုသပေးနိုင်ခဲ့ပြီး ကျန်းမာရေးအသိပညာများ ဝေငှပေးခဲ့ကြောင်း သိရသည်။ The post မြန်အောင်မြို့နယ်၊ အင်ပင်မြို့တွင် မျက်စိနှင့်အထွေထွေရောဂါလူနာ ၈၀၀ ခန့်ကို အခမဲ့စမ်းသပ်ကုသပေးခဲ့ appeared first on Popular .