ရနောင်းမှ မြန်မာနိုင်ငံသား ၇၀ ဦးကို နေရပ်ပြန်ပို့

Credit to Popular Journal - ထိုင်းနိုင်ငံ ရနောင်းမြို့ လူဝင်မှုကြီးကြပ်ရေးဌာနအချုပ်အတွင်းမှ လွတ်ရက်စေ့သည့် မြန်မာနိုင်ငံသား ၇၀ ဦး (အမျိုးသား ၅၃ ဦး၊ အမျိုးသမီး ၁၇ ဦး) ကို ဖေဖော်ဝါရီ ၁၉ ရက် နံနက်ပိုင်းတွင် နေရပ်ပြန်လည်ပို့ဆောင်ခဲ့ကြောင်း ရနောင်းမြို့ လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ထားသည်။ ယင်းမြန်မာနိုင်ငံသားများအား ရနောင်းအကောက်ခွန် ဆိပ်ခံတံတားမှတစ်ဆင့် ကော့သောင်းဘက်သို့ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထိုသို့ လွှဲပြောင်းခြင်းအခမ်းအနားတွင် ရနောင်းပြည်နယ် လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့မှူး၊ ရနောင်းပြည်နယ်ရှိ မြန်မာနိုင်ငံဆိုင်ရာ လက်ထောက်အလုပ်သမားသံမှူးနှင့် အေဂျင်စီ ကိုးခုမှ နိုင်ငံခြားသားအလုပ်သမားများ ပြန်လည်လက်ခံရေးကော်မတီဝင်များတက်ရောက်၍ မျက်မြင်သက်သေအဖြစ် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ ထို့အပြင် ထိုင်းလူဝင်မှုကြီးကြပ်ရေးအာဏာပိုင်များက ယခုနှစ်အတွင်း မြန်မာနိုင်ငံသား ၃,၅၀၀ ကျော်အား ရနောင်း–ကော့သောင်း နယ်စပ်ဂိတ်မှတစ်ဆင့် မြန်မာနိုင်ငံဘက်သို့ လွှဲပြောင်းပေးထားပြီး ဖြစ်ကြောင်း သိရသည်။ တာဝန်ရှိသူများက […] The post ရနောင်းမှ မြန်မာနိုင်ငံသား ၇၀ ဦးကို နေရပ်ပြန်ပို့ appeared first on Popular .