တိုင်းရင်းသား အားလုံး စည်းလုံးညီညွတ်စွာဖြင့် နိုင်ငံကို ကာကွယ်စောင့်ရှောက်ကြရန် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ပြော

Credit to Popular Journal - ဧရာဝတီတိုင်းဒေသကြီးသည် တိုင်းရင်းသားလူမျိုးပေါင်းစုံ စည်းလုံးညီညွတ်စွာ မှီတင်းနေထိုင်သည့် တိုင်းဒေသကြီးဖြစ်ပြီး တိုင်းရင်းသား အားလုံး စည်းလုံးညီညွတ်မှုဖြင့် အတူတကွလက်တွဲနေထိုင်ကြကာ စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ဖြင့် နိုင်ငံတော်ကို ဘက်ပေါင်းစုံမှ ကာကွယ်စောင့်ရှောက်သွားကြရန် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ပြောကြားသည်။ ဖေဖော်ဝါရီလ (၂၀) ရက်က ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်တွင် (၇၈) နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ထို့ပြင် နိုင်ငံတော်၏ အမျိုးသားရေးရည်မှန်းချက်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး စိုက်ပျိုးရေးနှင့် ပတ်သက်၍ စံပြတိုင်းဒေသကြီးဖြစ်ရန် ကြိုးစားနေကြောင်းလည်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။ (၇၈) နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ချင်းတိုင်းရင်းသား၊ တိုင်းရင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။ The post တိုင်းရင်းသား အားလုံး စည်းလုံးညီညွတ်စွာဖြင့် နိုင်ငံကို ကာကွယ်စောင့်ရှောက်ကြရန် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ပြော appeared first on Popular .