Credit to Popular Journal - အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်သည် မတ်လ ၃၁ ရက် နေ့မှ ဧပြီလ ၂ ရက် နေ့အထိ တရုတ်နိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံးနှစ်နိုင်ငံ၏ ခေါင်းဆောင်များတွေ့ဆုံကြမည့် အလွန်တရာမျှော်လင့်ထားသည့် ခရီးစဉ်ဖြစ်သည်။ သွင်းကုန်များအပေါ် ထရမ့်ပ်၏ ကြီးမားသောအခွန်စည်းကြပ်မှုများကို တရားရုံးချုပ်က ပယ်ဖျက်မိန့်ချလိုက်ချိန်တွင် ခရီးစဉ်ထွက်ပေါ်လာခြင်းဖြစ်သည်။ ပြိုင်ဘက်တရုတ်နိုင်ငံပေါ်အပါအဝင် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးစစ်ပွဲတွင် ထရမ့်ပ်က အသုံးပြုခဲ့သော အခွန်စည်းကြပ်မှုများစွာကို ပယ်ဖျက်လိုက်ခြင်းဖြင့် ထရမ့်ပ်ကို အထိနာစေခဲ့သော တရားရုံးဆုံးဖြတ်ချက်မတိုင်မီ သောကြာနေ့တွင် ခရီးစဉ်ကို အိမ်ဖြူတော်အရာရှိတစ်ဦးက အတည်ပြုခဲ့သည်။ ပေကျင်းခရီးစဉ်တွင် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ထရမ့်ပ်၏ ဆွေးနွေးမှုများသည် လက်ရှိတွင် နှစ်နိုင်ငံစလုံးက အခွန်များထပ်တိုးခြင်းကို တားဆီးထားသည့် ကုန်သွယ်ရေးယာယီပြေငြိမ်းမှုကို သက်တမ်းတိုးရန် ရည်ရွယ်သည်ဟု မျှော်လင့်ရသည်။ သို့သော်တရားရုံး၏ ဆုံးဖြတ်ချက်သည် တရားမဝင် ဖန်တာနိုင်းလ်ကုန်သွယ်မှုကို နှိမ်နင်းခြင်း၊ အရေးကြီးတွင်းထွက်သတ္ထု့များအပေါ် […] The post ထရမ့်ပ် နောက်လ တရုတ်သွားမည် appeared first on Popular .