အိုင်စီစီ၏ အကြိုကြားနာမှုများကို ဒူတာတေး တက်မည်မဟုတ်

Credit to Popular Journal - ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးသည် လာမည့်သီတင်းပတ်တွင် နိုင်ငံတကာတရားရုံး၌ လူသားမျိုးနွယ်အပေါ် ကျူးလွန်သောရာဇဝတ်မှုစွဲချက်များအတွက် အကြိုကြားနာမှုများကို တက်ရောက်မည်မဟုတ်ကြောင်း တရားရုံးက သောကြာနေ့တွင် ပြောကြားခဲ့သည်။ ၎င်း၏ ရှေ့နေက ဒူတာတေး၏ ရုံးချိန်းတက်ရောက်မှုပယ်ဖျက်ခွင့် တောင်းဆိုခြင်းကို တရားသူကြီးများက ခွင့်ပြုပေးခဲ့သော်လည်း ရုံးချိန်းပျက်ကွက်မှုအတွက် ပေးအပ်သောအကြောင်းပြချက်သည် မှန်းဆချက်တစ်ခုမျှသာဖြစ်ကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။ ဒူတာတေးအနေဖြင့် သိမှု အာရုံကျဆင်းမှုကြောင့် ရုံးချိန်းတက်ရောက်နိုင်မည်မဟုတ်ကြောင်း ၎င်း၏ ရှေ့နေများက ပြောကြားခဲ့သည်။ ဒူတာတေးသည် ၂၀၁၆ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ ဖိလစ်ပိုင်သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ပြီးခဲ့သည့် မတ်လတွင် ဖမ်းဆီးခံခဲ့ရကာ သညမဟိဂ်သို့ ခေါ်ဆောင်သွားခံရသည်။ အိုင်စီစီရှေ့နေများ၏ အဆိုအရ ဒူတာတေးသည် ၎င်း၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစစ်ပွဲအတွင်း မူးယစ်ဆေးဝါးရောင်းဝယ်သူနှင့် သုံးစွဲသူများဟု စွပ်စွဲခံရသူ ထောင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့သည့် လက်မရွံ့တပ်ဖွဲ့များကို ရန်ပုံငွေထောက်ပံ့ပြီး […] The post အိုင်စီစီ၏ အကြိုကြားနာမှုများကို ဒူတာတေး တက်မည်မဟုတ် appeared first on Popular .