Credit to Popular Journal - ရွှေတိဂုံစေတီတော်မြတ်ကြီး၏ (၂,၆၁၄) နှစ်မြောက် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်နှင့် နှစ်ကျိပ်ရှစ်ဆူဘုရား လှည့်လည်ပူဇော်ပွဲကို ယနေ့ ဖေဖော်ဝါရီ ၂၁ ရက် နံနက်ပိုင်းက ချမ်းသာကြီးတန်ဆောင်း၌ ဆင်ယင်ကျင်းပခဲ့သည်။ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော်ကြီးများ ကြွရောက်တော်မူပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြည်ညိုပူဇော်ကာ နှစ်ကျိပ်ရှစ်ဆူသော ဘုရားရှင်တို့အားရည်မှန်းပူဇော်သည့်အနေဖြင့် ဗုဒ္ဓရုပ်ပွားတော်များကို ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန် ဆောင်းမှစတင်၍ ရင်ပြင်တော်တစ်ပတ်ခွဲလှည့်လည်ပူဇော်ခဲ့ကြသည်။ ထို့နောက် ဆရာတော်ကြီးများထံမှ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် တာဝန်ရှိသူများ၊ ဂေါပကအဖွဲ့ဝင်များ၊ အလှူရှင်များ၊ ဧည့်ပရိသတ်များက သီလခံယူဆောက်တည်ခြင်း၊ အနုမောဒနာတရားနာယူခြင်း၊ ရေစက်သွန်းချအမျှပေးဝေခြင်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများလှူါန်းခြင်းတို့ကိုလည်း ပြုလုပ်ခဲ့ကြသည်။ ရွှေတိဂုံစေတီတော်မြတ်ကြီး၏ (၂,၆၁၄) နှစ်မြောက် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်အား ယနေ့ ဖေဖော်ဝါရီ ၂၁ ရက်မှ မတ် ၂ ရက် (တပေါင်းလပြည့်နေ့) အထိ ၁၀ ရက်တိုင်ကျင်းပသွားမည်ဖြစ်ကာ သံဃာတော် […] The post ရွှေတိဂုံစေတီတော်မြတ်ကြီး၏ (၂,၆၁၄) နှစ်မြောက် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်စတင် appeared first on Popular .