Credit to Popular Journal - လတ်တလော လူမှုကွန်ရက်၌ ပျံ့နှံ့နေသည့် ပါချုပ်ဆရာတော်ဘုရားကြီးအား အများပြည်သူဖူးမျှော်နိုင်ကြောင်း ကြေညာထားခြင်းသည် မဟုတ်မှန်ကြောင်း ဆရာတော်၏ အနီးကပ် ကပ္ပိယဖြစ်သူ ချမ်းမြေ့အောင်မှ ရေးသားထားသ ည်။ “ဆရာတော်ဘုရားကြီးကို ဖူးခွင့်ရမည်လို့ ကြော်ငြာထားခြင်းသည် ဆရာတော်ဘုရားကြီး၏ တရားဝင် ကပ္ပိယ အဖွဲ့မှ ကြော်ငြာခြင်းမဟုတ်ပါ။ နောက်နောင် မဟုတ်မမှန်ကြော်ငြာခြင်းမပြုလုပ်ရန်” ဟု ၎င်းက ဆိုသည်။ ထိုကဲ့သို့ မဟုတ်မှန် ကြေညာခြင်းကြောင့် ဆရာတော်ကြီးကို လာရောက်ဖူးမြှော်သူများလည်း အဆင်မပြေဖြစ်ခဲ့သည်ကိုတွေ့ရသည်ဟုလည်း ရေးသားသည်။ ယနေ့ မနက်ပိုင်းကလည်း တစ်တော့လူမှုကွန်ရက်မှအေကာင့်တစ်ခုမှ ဆရာတော်ကြီးအားဖူးမြှော်နိုင်သည်ဟု ရေးသားဖော်ပြသောကြောင့် သွားရောက်ဖူးမြှော်ခဲ့ကြသည့် ပြည်သူ များလည်း အဆင်မပြေဖြစ်ခဲ့သည်ဟု သိရသည်။ “ဟုတ်ပါတယ် ၊ သမီးတို့မနက်က ဖူးဖို့ အစောကြီးထသွားတာ လုံခြုံရေးဦးလေးကြီးက မရှိဘူးပြောပေမယ့် Tiktok မှာ လာလို့ရတယ်ဆိုပြီး ကြေညာထားတာပဲ ဆိုပြီး […] The post ပါချုပ်ဆရာတော်ကြီးဘုရား မတ်လ (၇) ရက်အထိ အနားယူရန်ရှိ appeared first on Popular .