လာမည့် ပညာသင်နှစ်တွင် အလယ်တန်းအဆင့် ကျောင်းသားများကို စက်မှု၊စိုက်ပျိုး၊မွေးမြူရေးဘာသာရပ်များ သင်ကြားနိုင်ရန် သင်ရိုးရေးဆွဲနေ

Credit to Popular Journal - လာမည့် ပညာသင်နှစ် (ဇွန်လ) မှစတင်၍ Grade-6 မှ Grade-9 အထိ အလယ်တန်းဆင့် ကျောင်းသား‌ ကျောင်းသူများကို စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဘာသာရပ်များ သင်ကြားပေးနိုင်ရန် သင်ရိုးများကို ပြန်လည်ရေးဆွဲလျက်ရှိကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန် ကပြောသည်။ ယမန်နေ့ က ပုသိမ်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း နှင့် ပုသိမ်မြို့ရှိ ခရိုင်မြို့နယ် ပညာရေးမှုများ ကျောင်းအုပ်များ နှင့် တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး က အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဘာသာရပ်များကို သင်ကြားရာတွင် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဘာသာရပ်ကျွမ်းကျင်သည့် ဆရာ ဆရာမများက အလယ်တန်းပြ ဆရာမများကို ဆင့်ပွားသင်တန်းများ ပြန်လည်သင်ကြား‌ပို့ချပေးမည်ဖြစ်ကြောင်းလည်း ဒေါက်တာချောချောစိန် ကပြောသည်။ လာမည့်ကျောင်းဖွင့်ရာသီတွင် သက်ဆိုင်ရာကျောင်းသား ကျောင်းသူများ၏လက်ထဲသို့ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ အချိန်မီရောက်ရှိစေရန် […] The post လာမည့် ပညာသင်နှစ်တွင် အလယ်တန်းအဆင့် ကျောင်းသားများကို စက်မှု၊စိုက်ပျိုး၊မွေးမြူရေးဘာသာရပ်များ သင်ကြားနိုင်ရန် သင်ရိုးရေးဆွဲနေ appeared first on Popular .