"စစ်သားတွေရဲ့အိပ်စက်နည်း" က ၂ မိနစ်အတွင်း အမှန်တကယ်အိပ်ပျော်စေသလား

လူမှုကွန်ရက်မှာ အပြောများနေတဲ့စစ်သားတွေလို အိပ်စက်နည်းဟာ ကိုယ့်ကို ၂ မိနစ်အတွင်း အိပ်ပျော်စေတယ်ဆိုကြပါတယ်။ ဒါပေမဲ့ အိပ်စက်ခြင်းဆိုင်ရာကျွမ်းကျင်သူတွေကတော့ အရပ်သားတွေအတွက်ဆိုရင် ဒီနည်းလမ်းမှာ သတိထားစရာတွေရှိတယ်လို့ဆိုပါတယ်။