ရန်ကုန် ဆိပ်ကမ်းများတွင် ရန်ကုန်–ရနောင်း နယ်စပ်ကုန်သွယ်ရေး ကုန်စည်စီးဆင်းမှု မြန်ဆန်ချောမွေ့စေရေး ကွင်းဆင်းစစ်ဆေး

Credit to Popular Journal - ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်းနှင့် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်တို့သည် ရန်ကုန် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများနှင့် ယာယီအပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများသို့ သွားရောက်ကာ ရန်ကုန်–ရနောင်း နယ်စပ်ကုန်သွယ်ရေး အထွေထွေကုန်ပစ္စည်းတင် ကုန်တင်သင်္ဘောများ၏ ဆိုက်ကပ်ဝင်ရောက်မှုနှင့် ကုန်စည်ရှင်းလင်းထုတ်ယူနေမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ဦးစွာ လုပ်ငန်းကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့သည် ယာယီအပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများဖြစ်သည့် မုတ္တမဆိပ်ကမ်း နှင့် ရွှေမဲဆိပ်ကမ်း သို့ ရောက်ရှိရာ ဆိပ်ကမ်းတာဝန်ရှိသူများက ရန်ကုန်–ရနောင်း နယ်စပ်ကုန်သွယ်ရေးအခြေအနေ၊ အထွေထွေကုန်ပစ္စည်းတင် ကုန်တင်သင်္ဘောများ ဆိုက်ကပ်ရောက်ရှိမှု၊ ကုန်ပစ္စည်းများ တင်ချဆောင်ရွက်နေမှုနှင့် အကောက်ခွန်ရှင်းလင်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။ ထို့နောက် လုပ်ငန်းကော်မတီဥက္ကဋ္ဌက လိုအပ်ချက်များကို မှာကြားဖြည့်ဆည်းကာ ဆိပ်ကမ်းများအတွင်း လုပ်ငန်းဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။ယင်းနောက် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများဖြစ်သည့် အေးရှားဝေါဆိပ်ကမ်း၊ AIPT ဆိပ်ကမ်း၊ YIGT ဆိပ်ကမ်း နှင့် MIP […] The post ရန်ကုန် ဆိပ်ကမ်းများတွင် ရန်ကုန်–ရနောင်း နယ်စပ်ကုန်သွယ်ရေး ကုန်စည်စီးဆင်းမှု မြန်ဆန်ချောမွေ့စေရေး ကွင်းဆင်းစစ်ဆေး appeared first on Popular .