Credit to Popular Journal - နေပြည်တော်၊ တပ်ကုန်းမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်တို့တွင် လေပြင်းတို-က်ခတ်မှုများဖြစ်ပေါ်ခဲ့ရာ ပျ-က်စီးမှုများရှိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီရေးအသင်းများထံမှ သိရသည်။ တပ်ကုန်းမြို့နယ်၊ ကျောင်စရစ်ကုန်းကျေးရွာနှင့် ထုံးဖိုကျေးရွာတို့တွင်လေပြင်းတို-က်ခတ်မှုကြောင့် နေအိမ်များနှင့် စာသင်ကျောင်းများတွင် အမိုးလန်ပျ-က်စီးမှုများဖြစ်ပေါ်ခဲ့သဖြင့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များမှ ယနေ့ ဖေဖော်ဝါရီ ၂၂ ရက်နံနက်ပိုင်းက ဖယ်ရှားရှင်းလင်းမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။ ထို့အတူ ဒက္ခိဏသီရိမြို့နယ်၊ ကျွန်းတပဲ့ကျေးရွာအုပ်စု၊ ဆည်စုကျေးရွာနှင့် ရွာမကျေးရွာအုပ်စု၊ မြောက်ကျောင်းစုကျေးရွာ၊ ကျားကူးအနောက်ကျေးရွာတို့တွင်လည်း လေပြင်းတို-က်ခတ်မှုကြောင့် နေအိမ်များနှင့် သစ်ပင်များပျက်စီးခဲ့ကြောင်း သိရသည်။ ထိုသို့ ပျ-က်စီးနေသော နေအိမ်များနှင့် သစ်ပင်များကို ဒက္ခိဏသီရိမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းဝင်များမှ ယနေ့ ဖေဖော်ဝါရီ ၂၂ ရက်နံနက် ၇ နာရီတွင် ရှင်းလင်းမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။ The post နေပြည်တော်ရှိ မြို့နယ်(၂)ခုတွင်လေပြင်းတို-က်ခတ် ပျ-က်စီးမှုများရှိခဲ့ appeared first on Popular .