Credit to Popular Journal - အားကောင်းသောလေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်အချို့၌ ယခုရက်ပိုင်းအတွင်း မိုးရွာသွန်းနိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။ ယနေ့ ဖေဖော်ဝါရီ ၂၂ ရက်မွန်းတည့်မှ ဖေဖော်ဝါရီ ၂၆ ရက်အတွင်း ရန်ကုန်တိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်း ၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီ တိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့်အရှေ့ပိုင်း)တို့တွင် နေရာစိပ်စိပ်မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။ လက်ရှိအချိန်၌ လေဖိအားနည်းရပ်ဝန်းသည် အနောက် -အနောက်မြောက်ဘက်သို့ရွေ့လျားခဲ့ပြီး ပိုမိုအား ကောင်းလာကာ ဘင်္ဂလားပင်လယ်အော်အနောက် တောင်ပိုင်းတွင် အားကောင်းသောလေဖိအားနည်းရပ် ဝန်းအဖြစ်ရောက်ရှိခဲ့ကြောင်း သိရသည်။ အဆိုပါ အားကောင်းသောလေဖိအားနည်းရပ်ဝန်းသည် လာမည့် ၄၈ နာရီအတွင်း အနောက်-အနောက်မြောက်ဘက်သို့ဆက်လက်ရွေ့လျားနိုင်ကာ ယင်း အားကောင်းသောလေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ချိန်ခါမဟုတ် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတို-က်ခတ်ခြင်း၊ […] The post အားကောင်းသောလေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်အချို့၌ ယခုရက်ပိုင်းအတွင်း မိုးရွာသွန်းနိုင် appeared first on Popular .