(၉)နှစ်ခန့်အတွင်း တိုင်ကြားလာသောလိင်ပိုင်းဆိုင်ရာအကြမ်းဖက်ဖြစ်စဉ် (၂,၃၀၀) ကျော်ကို ဥပဒေအရဆောင်ရွက်ခဲ့

Credit to Popular Journal - ၂၀၁၇ ခုနှစ်မှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအထိ လက်နက် ကိုင်ပဋိပက္ခအတွင်းမဟုတ်သော်လည်း ပြည်သူများတိုင်ကြားလာသော လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ဖြစ် စဉ် (၂,၃၀၀) ကျော်ကိုလက်ခံစစ်ဆေးကာ ဥပဒေအရ ဆောင်ရွက်လျက်ရှိသည်ဟု ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာအမျိုးသားကော်မတီမှ ဖေဖော်ဝါရီ ၂၁ ရက်ကထုတ်ပြန်ခဲ့သည်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှုဆိုင်ရာ အထူးကိုယ်စားလှယ်ရုံး၏ ထုတ်ပြန်ချက်နှင့်ပတ်သက်၍ မြန်မာနိုင်ငံမှ ပြင်းထန်စွာကန့် ကွက်ပြီး ယင်း ထုတ်ပြန်ချက်အားကန့်ကွက်ပယ်ချကြောင်း ထုတ်ပြန်ချက်၌ရေးသားဖော်ပြခဲ့ခြင်းဖြစ် သည်။ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၅ ရက်မှစတင်၍ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ကျူးလွန်မှုများမှတားဆီးနိုင်ရန် အမျိုးသားအဆင့်တိုင်ကြားမှုယန္တရားအဖြစ် ၂၄ နာရီ Helpline ဝန်ဆောင်မှုကိုစတင်ဆောင်ရွက်ခဲ့ပြီး အကြမ်းဖက်ခံရသော အမျိုးသမီးများအားတစ်နေရာတည်းတွင်ဝန်ဆောင်မှုပေးသည့်စင်တာ (OSWSC) များကိုလည်း တိုင်းနှင့် ပြည်နယ်များအနှံ့တွင်ဖွင့်လှစ်ကာ လိုအပ်သောစောင့်ရှောက်မှုများဆောင်ရွက်ပေးလျက်ရှိသည်ဟု ထုတ်ပြန်ချက်၌ရေးသားဖော်ပြခဲ့သည်။ ထို့ပြင် အသိပညာပေးမှုအနေဖြင့် ဟောပြောပွဲများ၊ အသိပညာပေးစကားဝိုင်းများကျင်းပပေးလျက်ရှိကာ […] The post (၉)နှစ်ခန့်အတွင်း တိုင်ကြားလာသောလိင်ပိုင်းဆိုင်ရာအကြမ်းဖက်ဖြစ်စဉ် (၂,၃၀၀) ကျော်ကို ဥပဒေအရဆောင်ရွက်ခဲ့ appeared first on Popular .