Credit to Popular Journal - ရန်ကုန်မြစ်အတွင်း အပျော်စီးခရီးစဉ်အဖြစ် ပြေးဆွဲနေသော သင်္ဘောများသည် ယခုနောက်ပိုင်းတွင် ဆိပ်ကြီးခနောင်တိုဘက်သို့ ခရီးစဉ်လမ်းကြောင်း တိုးချဲ့ပြေးဆွဲလာကြောင်း ခရီးစဉ်ဝန်ဆောင်မှုပေးနေသူများထံမှ သိရသည်။ ယခင်က စနေ၊ တနင်္ဂနွေနှင့် အခါကြီးရက်ကြီး ပိတ်ရက်များတွင် ညနေပိုင်းအပျော်စီးခရီးစဉ်များကို ရန်ကုန်မြစ်အတွင်း ပင်လယ်ဝအထိ ပြေးဆွဲခဲ့ရာမှ ယခုအခါ နံနက်ပိုင်းခရီးစဉ်အဖြစ် ဆိပ်ကြီးခနောင်တိုလမ်းကြောင်းသို့ တိုးချဲ့ပြေးဆွဲပေးလာခြင်းဖြစ်သည်။ ကနဦးခရီးစဉ်သစ်ကို ဖေဖော်ဝါရီ ၁၅ ရက်က စတင်ပြေးဆွဲခဲ့ပြီး ယခုတစ်ပတ်တွင်လည်း ဖေဖော်ဝါရီ ၂၂ ရက်၌ ဆက်လက်ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါခရီးစဉ်သည် ဗိုလ်တထောင်ဆိပ်ကမ်းမှ စတင်ထွက်ခွာကာ ရန်ကုန်မြစ်ကြောင်းတစ်လျှောက် သွားလာပြီး ဒလတံတား အောက်မှဖြတ်သန်းသွားမည်ဖြစ်သည်။ ထို့နောက် တွံတေးတူးမြောင်းဘက်သို့ ချိုးဝင်ကာ ဆိပ်ကြီးခနောင်တိုဘက်သို့ ဆက်လက်ပြေးဆွဲမည်ဖြစ်ပြီး နံနက် ၉ နာရီခွဲတွင် ထွက်ခွာကာ မွန်းလွဲ ၁၂ နာရီခွဲမှ ၁ နာရီအတွင်း […] The post ရန်ကုန်မြစ် အပျော်စီးသင်္ဘောများ ဆိပ်ကြီးခနောင်တိုလမ်းကြောင်းသို့ တိုးချဲ့ပြေးဆွဲ appeared first on Popular .