ရန်ကုန်-မန္တလေး အမြန်လမ်း ၃၉ မိုင် ဘောနက်ကြီးဂိတ်တွင် ခရီးသည်များကို တစ်ဦးလျှင် ငွေကျပ် ၃ သောင်းနှုန်း တောင်းယူပြီး မပေးနိုင်သူများကို စစ်မှုထမ်းအဖြစ် ဖမ်းဆီး ၊ ညောင်ရွှေတွင် လူငယ် ၃၀ ကျော် ပေါ်တာဆွဲ ဖမ်းဆီးခံရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂ ရန်ကုန်-မန္တလေး အမြန်လမ်းမ ၃၉ မိုင်ရှိ ဘောနက်ကြီးစစ်ဆေးရေးဂိတ်တွင် စစ်တပ်က ခရီးသွားပြည်သူများကို အကြောင်းအမျိုးမျိုးပြ၍ အဆမတန် ငွေညှစ်မှုများ ပြုလုပ်နေသည့်အပြင် ငွေမပေးနိုင်သော လူငယ်များကို စစ်မှုထမ်းအဖြစ် ဖမ်းဆီးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ရသည့် ခရီးသည်များနှင့် ယာဉ်မောင်းများထံမှ သိရသည်။ ရန်ကုန်-မန္တလေးအမြန်လမ်း ၃၉ မိုင်မှ ပဲခူးမြို့၊ဘုရားကြီးဘက်သို့ ဆင်းသည့် အဝင် ဘောနက်ကြီးစစ်ဆေးရေးဂိတ်တွင် ခရီးသည်တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ နှုန်း တောင်းယူနေပြီး အထူးသဖြင့် မှတ်ပုံတင် ၅/၊ ၈/၊ ၉/၊ ၁၁/ ကိုင်ဆောင်ထားသူများကို ခရီးသည်တစ်ဦးလျှင် ငွေကျပ် ၅ သောင်းကျော်အထိ ငွေညှစ်နေကြောင်း၊ ငွေမပေးနိုင်သူများကို စစ်မှုထမ်းအဖြစ် ချက်ချင်း ဖမ်းဆီးနေကြောင်း သိရှိရသည်။ “ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ […] The post ရန်ကုန်-မန္တလေး အမြန်လမ်း ၃၉ မိုင် ဘောနက်ကြီးဂိတ်တွင် ခရီးသည်များကို တစ်ဦးလျှင် ငွေကျပ် ၃ သောင်းနှုန်း တောင်းယူပြီး မပေးနိုင်သူများကို စစ်မှုထမ်းအဖြစ် ဖမ်းဆီး ၊ ညောင်ရွှေတွင် လူငယ် ၃၀ ကျော် ပေါ်တာဆွဲ ဖမ်းဆီးခံရ appeared first on Khit Thit Media .