ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသလွတ်မြောက်ရေးအဖွဲ့ -IRLO ကို IPDF အပါအဝင် အင်းလေးလူထုလှုပ်ရှားမှုအဖွဲ့များ ပူးပေါင်းဖွဲ့စည်းလိုက်ပြီး ဒေသန္တရ အုပ်ချုပ်ရေး ကို အ ကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သ တင်းဌာထံသို့ ပြောကြားသည်။ ယနေ့ မြန်မာ့နွေဦးတော်လှန်ရေး၏ အရှိန်အဟုန်မှာ အဆုံးအဖြတ်ပေးမည့် အဆင့်သို့ ရောက်ရှိ လာပြီဖြစ်ကြောင်း၊ ထို့ကြောင့် အင်းလေးဒေသအတွင်းရှိ တော်လှန်ရေးအင်အားစုများဖြစ်ကြသော အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (IPDF) ၊ အင်းလေးအမျိုးသမီးသမဂ္ဂ (IWU)၊ အင်းလေး ဖက် ဒရယ်ဒီမိုကရေစီလှုပ်ရှားမှု (IFDM)၊ ညောင်ရွှေမြို့နယ် ပညာရေးဘုတ်အဖွဲ့ (Boe Nyaung Shwe) နှင့် အင်းလေးဆေးအဖွဲ့ (Inle Medical Team) အပါအဝင် အင်းလေးလူထုလှုပ်ရှားမှုအဖွဲ့ (Inle People’s Movement) […] The post အင်းလေးတွင် တော်လှန်ရေးတပ်များနှင့် လူမှုအဖွဲ့များ ပူးပေါင်းပြီး ဒေသန္တရအုပ်ချုပ်ရေး အကောင် အထည်ဖော်သွားမည် appeared first on Khit Thit Media .