ဂရင်းလန်းကမ်းခြေသို့ အမေရိကန်မှ ဆေးရုံသင်္ဘောတစ်စီး စေလွှတ်မည်ဟု သမ္မတထရမ့် ပြောကြား

Credit to Popular Journal - ဂရင်းလန်းကျွန်းရှိ “နေမကောင်းဖြစ်နေကြသော” ဒေသခံပြည်သူအားလုံးကို ဆေးဘက်ဆိုင်ရာ အကူအညီများ ပေးအပ်နိုင်ရန်အတွက် အမေရိကန်ပြည်ထောင်စုက ဆေးရုံသင်္ဘောတစ်စီးကို စေလွှတ်လိုက်ပြီဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့သည်။ “ကျွန်တော်တို့ဟာ လူဝီစီယားနားပြည်နယ်ရဲ့ ထူးချွန်တဲ့ အုပ်ချုပ်ရေးမှူး ဂျက်ဖ် လန်းဒရီ နဲ့ ပူးပေါင်းပြီး၊ ဂရင်းလန်းမှာ နေမကောင်းဖြစ်နေပေမဲ့ စောင့်ရှောက်မှု ကောင်းကောင်းမရရှိကြတဲ့ လူအများအပြားကို ပြုစုကုသပေးဖို့အတွက် အလွန်ကောင်းမွန်တဲ့ ဆေးရုံသင်္ဘောကြီးတစ်စီးကို စေလွှတ်မှာဖြစ်ပါတယ်။ အဲဒီသင်္ဘောဟာ အခု လမ်းခရီးမှာ ရှိနေပါပြီ” ဟု အမေရိကန်သမ္မတက ၎င်း၏ Truth Social လူမှုကွန်ရက်အကောင့်တွင် ရေးသားဖော်ပြခဲ့သည်။ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ထရမ့်သည် လူဝီစီယားနား အုပ်ချုပ်ရေးမှူး ဂျက်ဖ် လန်းဒရီကို ဂရင်းလန်းဆိုင်ရာ အမေရိကန် အထူးသံတမန်အဖြစ် ခန့်အပ်ခဲ့သည်။ ခန့်အပ်ခံရပြီးနောက် […] The post ဂရင်းလန်းကမ်းခြေသို့ အမေရိကန်မှ ဆေးရုံသင်္ဘောတစ်စီး စေလွှတ်မည်ဟု သမ္မတထရမ့် ပြောကြား appeared first on Popular .