ကျွန်းလှမြို့နယ် အနောက်ခြမ်းရှိ သဖန်းဆိပ်ဆည်အနီးကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ၅ ကြိမ် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ဖေဖော်ဝါရီ ၂၂ စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ် အနောက်ခြမ်းရှိ သဖန်းဆိပ်ဆည်အနီးကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ၅ ကြိမ်ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။ ယနေ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၇ မိနစ်ခန့်မှ စတင်ပြီး ၂ နာရီအထိ အကြမ်းဖက် စစ်တပ်က တံတားဦးလေတပ်မှ တက်သော Jet Fighter ၁ စီးနှင့် အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တက်လာသော Gyrocopter ၃ စီးက ကျွန်းလှမြို့နယ် အနောက်ခြမ်းရှိ သဖန်းဆိပ်ဆည်အနီးကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ၅ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ အကြမ်းဖက် စစ်တပ်၏ လေကြောင်း […] The post ကျွန်းလှမြို့နယ် အနောက်ခြမ်းရှိ သဖန်းဆိပ်ဆည်အနီးကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ၅ ကြိမ် ဗုံးကျဲ တိုက်ခိုက် appeared first on Khit Thit Media .