Credit to Popular Journal - ကချင်ပြည်နယ်၊ မြစ်ကြီးနားလေဆိပ်ကို တို-က်ခိုက်ခြင်းသည် ဂျီနီဗာကွန်ဗင်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေအရ စစ်ရာဇာဝတ်မှု ကျူးလွန်ခြင်းဖြစ်သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ထားသည်။ အပြစ်မဲ့ခရီးသွားပြည်သူများအား ပ-စ်မှတ်ထားတို-က်ခိုက်ခဲ့ခြင်းကြောင့် ခရီးသည်များနှင့် လေယာဉ်အမှုထမ်းများ အကြီးအကျယ် တုန်လှုပ်ခြောက်ခြား စိတ်ဒ-ဏ်ရာရခြင်း ဖြစ်ပေါ်ခဲ့ကြကြောင်း ဖော်ပြချက်အရ သိရသည်။ ထို့ကြောင့် စစ်ရေးနှင့် မသက်ဆိုင်သည့် အရပ်ဘက်လေကြောင်းလိုင်းနှင့် အပြစ်မဲ့ခရီးသွား ပြည်သူများအား ရည်ရွယ်ချက်ရှိစွာဖြင့် ပစ်မှတ်ထားတို-က်ခိုက်ခြင်းသည် ဂျီနီဗာကွန်ဗင်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့အရ စစ်ရာဇာဝတ်မှု (War Crime) ကျူးလွန်ခြင်းဖြစ်ပြီး၊ ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များအပေါ် ပြည်သူများက စက်ဆုတ်ရွှံရှာစွာရှုတ်ချလျက်ရှိပြီး၊ အပြစ်မဲ့ ပြည်သူများနှင့် နိုင်ငံတော်လုံခြုံရေးအတွက် ထိရောက်သည့် တုံပြန်မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၂၀)ရက် ည (၈) နာရီ (၁၂)မိနစ်ခန့်တွင် မြစ်ကြီးနားမှ မန္တလေးသို့ ထွက်ခွာရန် […] The post မြစ်ကြီးနားလေဆိပ်ကို တို-က်ခိုက်ခြင်းသည် အပြည်ပြည်ဆိုင်ရာဥပဒေအရ စစ်ရာဇာဝတ်မှုကျူး လွန်ခြင်းဖြစ်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန် appeared first on Popular .