Credit to Popular Journal - ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သော (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် အင်ဒိုနီးရှားနိုင်ငံတွင်ကျင်းပပြုလုပ်ခဲ့သော (၁၇) ကြိမ်မြောက် အရှေ့တောင်အာရှလူငယ် ပြေးခုန်ပစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်နှင့်ငွေတံဆိပ် ဆွတ်ခူးပေးခဲ့ကြသည့် ပြေးခုန်ပစ်ကစားသမားများကို ဂုဏ်ပြုဆုငွေများ ဂုဏ်ပြုချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဂုဏ်ပြုချီးမြှင့်ပေးအပ်ပွဲကို ယမန်နေ့ညနေ (၆)နာရီ အချိန်က ရန်ကုန်မြို့ ၊ ဗဟန်းမြို့နယ် ၊ ဗိုလ်ချုပ်ကြေးရုပ်အ နီးရှိ Royal Garden Restaurant ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၏ အသိပေးချက်အရ သိရသည်။ ဂုဏ်ပြုဆုငွေပေးအပ်ပွဲတွင် အရှေ့ တောင်အာရှအားကစားပြိုင်ပွဲ ၂၀ ကီလို မီတာလမ်းလျှောက် အမျိုးသားပြိုင်ပွဲတွင် ငွေတံဆိပ်ဆုရ နိုင်လင်းထွန်း အား ဂုဏ်ပြုဆုငွေ ကျပ်သိန်း (၁၀၀)၊ ၂၀ ကီလို မီတာ အမျိုးသမီး လမ်းလျှောက်ပြိုင်ပွဲတွ င် […] The post အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်နှင့်ငွေတံဆိပ် ဆွတ်ခူးပေးခဲ့ကြသည့် ပြေးခုန်ပစ် ကစားသမားများကို ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ် appeared first on Popular .