MNA လေယာဥ် ဒရုန်းနဲ့တိုက်ခိုက်ခံရမှု - လိုင်ဇာအထိ လေကြောင်းခြိမ်းခြောက်မှုရောက်

မြစ်ကြီးနားလေဆိပ်မှာ နိုင်ငံပိုင် လေကြောင်းလိုင်းက ATR 72-600 လေယာဥ်တစ်စင်း ဒရုန်းတွေနဲ့ တိုက်ခိုက်ခံရမှုဟာ ကချင်လွတ်လပ်ရေးတပ်(KIA)ရဲ့ လက်ချက်လို့ စစ်တပ်က စွပ်စွဲ ထုတ်ပြန်ပြီး မကြာခင်မှာပဲ KIA ဌာနချုပ် လိုင်ဇာမြို့ ကောင်းကင်မှာ စစ်တပ်ရဲ့တိုက်လေယာဥ် ပျံသန်းတဲ့အသံကို မြို့ခံတွေ ကြားခဲ့ရပါတယ်။