ကချင်က မြို့နယ် ၃ ခု လေကြောင်းဗုံးကြဲခံရ လူသေဆုံးမှုရှိ

ကချင်ပြည်နယ်ထဲက မိုးမောက်၊ မိုးညှင်းနဲ့ ဝိုင်း‌မော်မြို့နယ်တွေကို စစ်တပ်က မနေ့ကညပိုင်းနဲ့ ဒီနေ့ မနက်ပိုင်းတွေမှာ လေကြောင်းဗုံးကြဲတဲ့အကြောင်း အပါအဝင် ဖေဖော်ဝါရီ ၂၃ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။