Credit to Popular Journal - အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်၊ ပမ်းဘိချ်(Palm Beach) ရှိ သမ္မတ ထရမ့်၏ နေအိမ်ဖြစ်သော မာရာလာဂို(Mar-a-Lago) အိမ်တော်အတွင်းပိုင်းအထိ လက်နက်ကိုင်ဆောင်ကာ ကျူးကျော်ဝင်ရောက်လာသူတစ်ဦးကို Secret Service အေးဂျင့်များနှင့် ဒေသခံရဲတပ်ဖွဲ့ဝင်တစ်ဦးတို့က ပစ်ခတ်ဖမ်းဆီးရာမှ သေဆုံးသွားခဲ့ကြောင်း အမေရိကန်မီဒီယာများက ဖော်ပြခဲ့ကြသည်။ ဖြစ်စဉ်ဖြစ်ပွားချိန်တွင် သမ္မတ ထရမ့်မှာ ဖလော်ရီဒါတွင် ရှိမနေခဲ့ပါ။ အမေရိကန်မီဒီယာများ၏ ဖော်ပြချက်အရ သံသယရှိသူမှာ မြောက်ကယ်ရိုလိုင်းနားပြည်နယ်မှ အသက် ၂၁ နှစ်အရွယ် အော်စတင် တီ မာတင်(Austin T. Martin) ဖြစ်ပြီး ထိုသူသည် ဒေသစံတော်ချိန် နံနက် ၀၁:၃၀ နာရီခန့်တွင် ပြောင်းတိုသေနတ်တစ်လက်နှင့် လောင်စာဆီပုံးတစ်ပုံးကို ကိုင်ဆောင်ကာ မာရာလာဂိုအိမ်တော်ထဲသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ ဧည့်သည်တစ်ဦး အိမ်တော်မှ ပြန်ထွက်သွားချိန် မြောက်ဘက်ဂိတ်ပေါက်အနီးမှတစ်ဆင့် သူသည် အတွင်းသို့ ကျူးကျော်ဝင်ရောက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း […] The post ထရမ့်၏ အိမ်တော်အတွင်းပိုင်းအထိ လက်နက်ကိုင်ဆောင်ကာ ကျူးကျော်ဝင်ရောက်လာသူတစ်ဦးကို အသေဖမ်းဆီးရမိ appeared first on Popular .