အာဆီယံအ‌ပေါင်းသုံး အရေးပေါ်ရိက္ခာအစီအစဉ်အနေဖြင့် ကိုးရီးယား က ဆန်တန်ချိန် ၁၆၂၀ လှူဒါန်း

Credit to Popular Journal - အာဆီယံအပေါင်းသုံး အရေးပေါ်ဆန်ရိက္ခာအစီအစဉ်အရ ကိုးရီးယားသမ္မတနိုင်ငံမှ ဆန်တန်ချိန် ၁၆၂၀ ကို စိုက်ပျိုးရေးဦးစီးဌာနမှတစ်ဆင့် မန္တလေးတိုင်းဒေသကြီးအတွက် လှုဒါန်းပေးခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ အဆိုပါ ဆန်တန်ချိန် ၁၆၂၀ ကို စိုက်ပျိုးရေးဦးစီးဌာနမှတစ်ဆင့် မန္တလေးတိုင်းဒေသကြီးအစိုးရထံ ဖေဖေါ်ဝါရီ ၂၂ ရက်က လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံဆိုင်ရာ ကိုးရီးယားသမ္မတနိုင်ငံသံရုံးမှ ငလျင်ဘေးသင့်ပြည်သူများထံ ပေးအပ်ခဲ့ခြင်းလည်း ဖြစ်ကြောင်း သိရသည်။ ထို့အတူ အဆိုပါ ဆန်တန်ချိန် ၁၆၂၀ ကို မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်မြို့နယ်များသို့ စနစ်တကျ ခွဲဝေပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။ The post အာဆီယံအ‌ပေါင်းသုံး အရေးပေါ်ရိက္ခာအစီအစဉ်အနေဖြင့် ကိုးရီးယား က ဆန်တန်ချိန် ၁၆၂၀ လှူဒါန်း appeared first on Popular .