စက်မှုဝန်ထမ်းဟောင်းများအသင်းကို အသင်းဝင် (၁) သောင်းဦးခန့်ဖြင့် လုပ်ငန်းများဆောင်ရွက်နေ

Credit to Popular Journal - စက်မှုဝန်ထမ်းဟောင်းအသင်းကို ၂၀၁၄ ခုနှစ်၊ မတ် ၁၅ ရက်က အသင်းသား (၆၅၃) ဦးဖြင့် စတင်တည်ထောင်ခဲ့ပြီး လက်ရှိအချိန်တွင် နာယက (၂) ဦး၊ အလုပ်အမှုဆောင်အဖွဲ့ (၁၇) ဦး၊ အသင်းသား (၉,၆၅၁) ဦးဖြင့် လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အသင်းကို နိုင်ငံတော်စက်မှုလက်မှုကဏ္ဍတိုးတက်ရေးအတွက် ပါဝင်ဆောင်ရွက်ရန်၊ ဝန်ထမ်းဟောင်းများ၏ သာရေး/နာရေး၊ ကျန်းမာရေး၊ ပညာရေးတို့ကို ထောက်ပံ့ပေးရန် ရည်ရွယ်ချက်များဖြင့်ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သိရသည်။ ထိုသို့ ဖွဲ့စည်းခဲ့ရာ အသင်း၏ (၁၂) ကြိမ်မြောက် နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေးအား ဖေဖော်ဝါရီ ၂၁ ရက်က ရန်ကုန်မြို့၌ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီသန်းတက်ရောက်ခဲ့ကြောင်း သိရသည်။ ထိုသို့ တက်ရောက်ပြီးနောက် အသင်းဝင်များသည် စက်မှုဝန်ကြီးဌာနတွင် နှစ်ရှည်တာဝန်ထမ်းဆောင်ခဲ့ကြသူများဖြစ်၍ စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ကောင်းမွန်သည့်အကြံပြုချက်များဖြင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးစေလိုကာ အသင်း၏လိုအပ်ချက်များကိုလည်း တတ်စွမ်းသရွေ့ဖြည့်ဆည်းပေးသွားမည်ဟု ပြောကြားခဲ့သည်။ […] The post စက်မှုဝန်ထမ်းဟောင်းများအသင်းကို အသင်းဝင် (၁) သောင်းဦးခန့်ဖြင့် လုပ်ငန်းများဆောင်ရွက်နေ appeared first on Popular .