Credit to Popular Journal - ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ စီတာပူမနောကွင်းရှိ မဂျွယ်ခန်းမ၌ ဖေဖော်ဝါရီ ၂၁ ရက်က မြန်မာနိုင်ငံ ကချင်လူမျိုးရိုးရာယဉ်ကျေးမှုအသင်းချုပ် (WHG) မှ ကြီးမှူး၍ ကချင်မျိုးနွယ်စုအလိုက် ရိုးရာယဉ်ကျေးမှု အဆို၊ အက နှီးနှောဖလှယ်ခဲ့သည်။ အဆိုပါ နှီးနှောဖလှယ်ပွဲကို ပထမဆုံးအကြိမ်အဖြစ်ကျင်းပခြင်းဖြစ်ရာ ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်တက်ရောက်ပြီး ရိုးရာယဉ်ကျေးမှုနှီးနှောဖလှယ်ပွဲကျင်းပခြင်းဖြင့် ကချင်တိုင်းရင်းသားမျိုးနွယ်စုများကြား တစ်ဦးနှင့် တစ်ဦး၊ တစ်စုနှင့်တစ်စု ချစ်ခင်ရင်းနှီးမှုပိုမိုဖြစ်ထွန်းလာစေရုံမက အနာဂတ်တွင် စည်းစည်းလုံးလုံးဖြင့်ချစ်ခင်ပိုမိုခိုင်မြဲလာမည်ဟု ပြောကြားခဲ့သည်။ ထို့ပြင် တိုင်းရင်းသားများအားလုံးနှင့် ရင်းနှီးချစ်ခင်စွာနေထိုင်ခြင်းဖြင့် မိမိတို့ပြည်နယ်၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် များစွာအထောက်အကူပြုမည်ဟု ပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်မှ ရိုးရာယဉ်ကျေးမှုနှီးနှောဖလှယ်ပွဲအတွက် ထောက်ပံ့ငွေကျပ်သိန်း (၂၀) ကို ထောက်ပံ့ပေးအပ်ခဲ့သည်။ ထို့နောက် ကချင်တိုင်းရင်းသားမျိုးနွယ်စုများဖြစ်သည့် ဂျိမ်းဖော၊ လော်ဝေါ်၊ လာချိဒ်၊ ဇိုင်ဝါး၊ လီဆူ၊ ရဝမ် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များက မျိုးနွယ်စုများအလိုက် ဒေသ၏ […] The post ကချင်မျိုးနွယ်စုအလိုက် ရိုးရာယဉ်ကျေးမှု အဆို၊ အက နှီးနှောဖလှယ် appeared first on Popular .